logo

Select Sidearea

Populate the sidearea with useful widgets. It’s simple to add images, categories, latest post, social media icon links, tag clouds, and more.
hello@youremail.com
+1234567890
 

မြန်မာနိုင်ငံတွင်အသုံးပြုရန် POS စနစ်

Lorem ipsum dolor sit

လုပ်ငန်းတစ်ခု သင်ပိုင်ဆိုင်ထားပါက ဖောက်သည်က ဝယ်ယူလိုက်သည့်အခါ အရောင်းနှင့် ကုန်စည်စာရင်းကို သင်က စောင့်ကြည့်နေရန် အထူးအရေးကြီးပါသည်။ ရောင်းချလိုက်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မှန်ကန်သော ကိန်းဂဏန်းကို မမှတ်သားမိပါက တစ်နေ့တာ သို့မဟုတ် တစ်လတာ ကုန်ဆုံးချိန်တွင် အရှုံး၊ အမြတ် တွက်ချက်မှုများ မှားယွင်းသွားစေနိုင်ပါသည်။ ထိုနည်းဖြင့် သင့်လုပ်ငန်းအပေါ် ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ ကုန်စည်တစ်ခု ထုတ်လုပ်ရောင်းချလိုက်သောအခါ သင့်ကုန်စည်စာရင်းထဲသို့ အချက်အလက်သစ်များ ကိုယ်တိုင် ဖြည့်သွင်းရခြင်းသည် အချိန်ရော လုပ်အားပါ အသုံးချရသည့် လုပ်ငန်းစဉ် ဖြစ်ပြီး လုပ်ငန်းထိရောက်စွာ လည်ပတ်ရန် ချောမွေ့မှု မရှိတော့ပါ။ ထို့ကြောင့် ဖောက်သည်နှင့် ငွေလွှဲပြောင်းမှုကိုသာမက ကုန်စည်စာရင်း အသစ်များနှင့် အခြားလုပ်ငန်းပိုင်းဆိုင်ရာများကို အလိုအလျောက် ဆောင်ရွက်ရန် အချိန်နှင့်တစ်ပြေးညီ အလွယ်တကူ မှတ်သားနိုင်သော စနစ်တစ်ခုရှိထားဖို့ လိုပါသည်။ သင့်လုပ်ငန်းကို ပိုမိုလွယ်ကူ၊ တိကျစွာ လည်ပတ်နိုင်စေမည့် POS စနစ်ကောင်းတစ်ခု ပိုင်ဆိုင်ထားပါက အဆိုပါ ကိစ္စများကို အောင်မြင်စွာဆောင်ရွက်နိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ထက်မြက်မှုရှိသော ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များအဖွဲ့က သင့်ကုမ္ပဏီ လိုအပ်ချက်များနှင့် သင့်လျော်သည့် ထိရောက်ပြီး တီထွင်ဆန်းသစ်သော POS စနစ်ကို ပေးအပ်နိုင်ပါသည်။ ဤနည်းဖြင့် သင်က လုပ်ငန်းကို စနစ်တကျ အဆင်ပြေစွာ ဆောင်ရွက်နိုင်အောင် ကူညီနိုင်ပါသည်။

ကွန်ပျူတာအရောင်းစနစ် (POS) ဆိုသည်မှာ ဖောက်သည်က ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူကာ ကုန်သည် သို့မဟုတ် ဝန်ဆောင်မှုပေးသူအား ငွေပေးချေရသည့် နေရာတစ်ခု ဖြစ်ပါသည်။ ရောင်းသူနှင့် ဝယ်သူအကြား ငွေလွှဲပြောင်းနိုင်အောင် POS စနစ်ကို အသုံးပြုပါသည်။ POS လွှဲပြောင်းမှုကို ပြင်ပစတိုးဆိုင်၌ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းစတိုး၌ အဝေးရောက် ဆောင်ရွက်၍ဖြစ်စေ ပေးချေနိုင်ပါသည်။ ထွက်ပေါ်လာသော ပြေစာများကို ပရင့်ထုတ်နိုင်သလို ဖောက်သည်ထံ အီလက်ထရွန်းနစ်နည်းဖြင့်လည်း ပေးပို့နိုင်ပါသည်။

ယနေ့ခေတ်တွင် POS စနစ်ကို ငွေလွှဲပြောင်းမှုအတွက်သာ အသုံးပြုခြင်း မဟုတ်တော့ဘဲ အရောင်း၊ ကုန်စည်စာရင်းသာမက ဖောက်သည်စီမံခန့်ခွဲရေးနှင့် အခြားအရေးပါသော လုပ်ငန်းပိုင်းဆိုင်ရာများအကြား ဒေတာများ ချိတ်ဆက်ရန်အတွက် ဗဟိုဌာနတစ်ခု အနေနှင့်ပါ အသုံးဝင်လာပါပြီ။ POS စနစ်ထဲတွင် သင့်နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို ပိုမိုလွယ်ကူမြန်ဆန်စေသော ဆော်ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ အစိတ်အပိုင်းများ ပါဝင်ပါသည်။ ကုန်စည်နှင့် ဝန်​ဆောင်မှုတစ်ခုကို ဖောက်သည်များက ဝယ်ယူလိုက်သောအခါ POS ဆော့ဖ်ဝဲသည် ဒေတာမှတ်တမ်းကို ကွန်ရက်ပေါ်သို့ အွန်လိုင်းတင်နိုင်ပါသည်။ ထို့ကြောင့် သင့်ကုမ္ပဏီက အရောင်းအစီရင်ခံစာများကို လျင်မြန်ထိရောက်စွာ ပြန်လည်သုံးသပ်နိုင်ပါသည်။

POS ဆော့ဖ်ဝဲ အသုံးပြုမှု၏ အားသာချက်များ

တီထွင်ဆန်းသစ်ပြီး ထိရောက်သော POS စနစ်တစ်ခု ရှိထားခြင်းဖြင့် သင့်ကုမ္ပဏီအတွက် အောက်ပါတို့အပါအဝင် အားသာချက်များ ရရှိလာနိုင်ပါသည်-

  • ပိုမိုထိရောက်မှုရှိလာခြင်း။ ငွေလွှဲပြောင်းမှုကို ကိုယ်တိုင် ဖြည့်သွင်းခြင်းသည် အထူးသဖြင့် သင့်စတိုးဆိုင်တွင် တစ်နေ့လှင် ငွေလွှဲပြောင်းမှုပေါင်း ရာနှင့်ချီပါက အချိန်ရော လုပ်အားပါ အသုံးချရပါသည်။ POS စနစ်ကို အသုံးပြုပါက ဝယ်ယူမှုပြုလုပ်သောအခါ အရောင်းမှတ်တမ်းကို ဒေတာဘေ့စ်ထဲသို့ အလိုအလျောက် ထိရောက်၊ လျင်မြန်စွာ ပေးပို့နိုင်သည့်စနစ်တစ်ခု ရှိလာသည့်အတွက် သင့်ကုမ္ပဏီ စွမ်း​ဆောင်ရည်ကို အမှန်တကယ် တစ်ဆင့်မြင့်စေနိုင်ပါသည်။
  • ပိုမိုတိကျလာခြင်း။ POS စနစ်ရှိပါက အရောင်း၊ ဝန်ထမ်း၊ ကုန်စည်စာရင်း၊ ထုတ်ကုန်များ စသည့်အရာအားလုံးနီးပါးကို တစ်ခုချင်းစီ စောင့်ကြည့်နိုင်ပါသည်။ ထိုအခါ ဒေတာများ ပိုမိုတိကျအောင် ပြန်လည်စစ်ဆေးလိုပါက သင့်အားကူညီနိုင်မှာ အသေအချာပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ လုပ်ငန်းအတွက် အထူးအရေးပါလှသော အမြတ်နှင့် အသုံးစရိတ်ကွာဟချက်တို့ တွက်ချက်ရာတွင် အမှားနည်းသွားပါသည်။
  • ဆန်းစစ်လေ့လာမှု ပိုကောင်းခြင်း။ ဆန်းစစ်လေ့လာသော နည်းစနစ်နှင့် သတင်းပို့စနစ်ကောင်းတစ်ခု မရှိပါက ဒေတာအသုံးပြုသင့်သော ရည်ရွယ်ချက်ကို ပြည့်မီအောင် မဆောင်ရွက်နိုင်ပါ။ POS စနစ်၏ ဆန်းစစ်လေ့လာသော စနစ်က အနာဂတ်အတွက် အရေးကြီးသော လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရန် သင့်အတွက် အသုံးဝင်သော အသိအမြင်များ ရရှိစေနိုင်ပါသည်။
  • အခြားနေရာများနှင့် အပြန်အလှန်ချိတ်ဆက်ခြင်း။ POS စနစ်၏ ကွန်ရက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များဖြင့် အခြားနေရာများကို သင်က ချိတ်ဆက်နိုင်ရာ သင့်လုပ်ငန်းဆောင်ရွက်မှုများကို မည်သည့်နေရာမှမဆို စောင့်ကြည့်နိုင်ပါသည်။ ဖောက်သည်က သင့်ကုန်ပစ္စည်း ဝယ်ယူသွားသည်ကို စတိုးဆိုင်မှာထိုင်ပြီး စောင့်ကြည့်စရာ မလိုတော့ပါ။
  • စျေးနှုန်းသက်သာခြင်း။ POS စနစ်တွင် စျေးနှုန်းသက်သာသော အစီအစဉ်များစွာ ရှိသည့်အတွက် သင့်လုပ်ငန်းအမျိုးအစားနှင့် လိုအပ်ချက်ပေါ်မူတည်ပြီး ကိုက်ညီအောင်ရွေးချယ်နိုင်ပါသည်။ အစီအစဉ်တိုင်းသည် သင့်လုပ်ငန်းအတွက် ပေးအပ်သည့် စွမ်းအားမြင့်နည်းစနစ်များ အားလုံးကို ထည့်သွင်းစဉ်းစားပါက စျေးနှုန်းသက်သာပြီး ပေးရသည့်စျေးနှုန်းအတွက် တန်ပါသည်။

POS စနစ် အလုပ်လုပ်ပုံအကြောင်း

လုပ်ငန်းနယ်ပယ်များစွာတွင် ခေတ်မီ POS စနစ်သည် ခေတ်မမီတော့သော အစဉ်အဆက်အသုံးပြုခဲ့သည့် ငေွကိုင်များနေရာတွင် စတင်နေရာယူလာပါပြီ။ ဤသည်မှာ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူအောင် POS စနစ်ကပေးအပ်သည့် လုပ်ဆောင်ချက်ကြီး တစ်ခုကြောင့် ဖြစ်ပါသည်။ Cloud နည်းပညာအခြေခံသော POS စနစ်​ ဆော့ဖ်ဝဲပရိုဂရမ်က တက်ဘလက်၊ ဒက်စ်တော့ ကွန်ပျူတာများ၊ စမတ်ဖုန်းများပေါ်တွင် ဆောင်ရွက်နိုင်သောကြောင့် သင့်လုပ်ငန်း အခြေအနေတိုင်း၏ တိုးတက်မှုကို ပိုမိုလွယ်ကူစွာ စစ်ဆေးနိုင်ပါသည်။

POS စနစ်၏ ဟာ့ဒ်ဝဲ ကိရိယာကို ကဒ်ဖတ်စက်နှင့် ချိတ်ဆက်ကာ အကြွေးဝယ်ကဒ်များမှ ငွေပေးချေမှုများကို လက်ခံနိုင်ပါသည်။ လက်လီရောင်းချသူများ သို့မဟုတ် ကုမ္ပဏီကြီးများက ဘားကုဒ် ဖတ်စက်များ၊ ငွေထုတ်စက်များ၊ ပြေစာထုတ်ပေးသော ပရင်တာများနှင့် အခြားသောစက်များစသည့် နောက်ထပ် ဟာ့ဒ်ဝဲများ လိုအပ်သလို ပေါင်းထည့်နိုင်ပါသည်။

POS စနစ်ကပေးနိုင်သော နည်းစနစ်များစွာရှိကာ သင့်ကုမ္ပဏီလိုအပ်ချက်နှင့်အညီ စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်-

  • အရောင်းနှင့် ငွေပေးချေပြီး လွှဲပြောင်းမှု လုပ်ငန်းစဉ်

POS စနစ်သည် သင့်ဖောက်သည်နှင့် ဝန်ထမ်းများအတွက် အပြန်အလှန် ငွေပေးချေမှုကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။ ဘားကုဒ်ဖတ်စက် သို့မဟုတ် လက်ဖြင့်ထိတွေ့ဆောင်ရွက်မှုကို အသုံးပြုခြင်းဖြင့် သင့်ဝန်ထမ်းများက ကုန်စည်အမျိုးအမည်များကို ဝယ်ယူမှုထဲသို့ ချောမွေ့စွာ အလွယ်တကူ ပေါင်းထည့်နိုင်သည်။ ထို့ပြင် ကူပွန်များ၊ သစ္စာရှိစွာအားပေးမှုအတွက် ရမှတ်များ သို့မဟုတ် အခြားသောလျှော့စျေးများ စသည့် အရောင်းမြှင့်တင်ရေး ဆောင်ရွက်ချက်များကိုလည်း ခလုတ်နှိပ်လိုက်ရုံဖြင့် ပေါင်းထည့်နိုင်သည့်အတွက် သင့်ဖောက်သည်က အရောင်းမြှင့်တင်ရေးခံစားခွင့်ကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ပါသည်။

ဖောက်သည်ကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်နိုင်ရန်အတွက် POS စနစ်အချို့က ဖောက်သည်၏ ဆက်သွယ်ရန် အချက်အလက်ကိုလည်း ငွေပေးချေသော လုပ်ငန်းစဉ်အတွင်း သိမ်းထားနိုင်ပါသည်။ ဤဒေတာများကို ဝယ်ယူမှုရာဇဝင်၊ ဖောက်သည်၏ အီးမေးလ်စာရင်း သို့မဟုတ် သစ္စာရှိစွာအားပေးမှု အစီအစဉ်များနှင့် ချိတ်ဆက်နိုင်ပါသည်။

  • အကြွေးဝယ်ကဒ်နှင့် ပေါင်းစည်းခြင်း

POS စနစ် အသုံးပြုခြင်းဖြင့် တစ်နေ့တာ ကောက်ခံမှု အစီရင်ခံစာ သီးခြား အသုံးပြုရန် မလိုတော့သလို ဖောက်သည်က ဝယ်ယူမှုအတွက် အကြွေးဝယ်ကဒ်သုံးပြီး ပေးချေသောအခါ ရောင်းချမှုအတွက် လက်မှတ်များ မှတ်သားဖို့ မလိုတော့ပါ။ POS စနစ်သည် အကြွေးဝယ်ကဒ်ဖြင့် ပေးချေမှုနှင့် အလိုအလျောက် ချိတ်ဆက်သည့်အတွက် ငွေပေးချေမှု လုပ်ထုံးလုပ်နည်းနှင့် တစ်နေ့တာ ပေါင်းစည်းမှု လုပ်ငန်းများကို ပိုမိုလျင်မြန်စေနိုင်ပါသည်။

  • ကုန်စည်စာရင်း စီမံခန့်ခွဲခြင်း

ကုန်ကြမ်းပံ့ပိုးသူနှင့် ကုန်ကျစရိတ် အချက်အလက်များ၊ ကုန်စည်အမျိုးအမည်များအတွက် စျေးနှုန်း အမျိုးမျိုး၊ အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန်စသည့် ကုန်စည်၏ လက္ခဏာရပ်များ၊ လက်ရှိသိုလှောင်ကုန်ပမာဏ အချက်အလက်အသစ်များ အပါအဝင် မရှိမဖြစ်အရေးကြီးသော ထုတ်ကုန်ဒေတာများကို သိမ်းဆည်းရန်အတွက် POS စနစ်ကို အသုံးပြုနိုင်ပါသည်။ သင့်ကုန်စည်များကို တစ်ယောက်ယောက် ဝယ်ယူသောအခါ ကုန်စည်စာရင်းရှိ ကုန်စည်၏ ဒေတာများကိုလည်း အချိန်နှင့်တစ်ပြေးညီ အသစ်ပြင်ဆင်နိုင်ပါသည်။ ထိုအခါ သင့်ကိုယ်ပိုင် ကုန်စည်များ ရရှိနိုင်မှုကို အချိန်မရွေး စစ်ဆေးလိုပါက သင့်အတွက် အထောက်အကူ ပြုပါလိမ့်မည်။

  • ဗဟိုချုပ်ကိုင်သော စနစ်

သင်က ပြင်ပတွင်ရော အွန်လိုင်းပေါ်မှာပါ စတိုးဆိုင်များဖွင့်ထားပါက POS စနစ်သည် စတိုးဆိုင်နှစ်ခုစလုံး၏ ဒေတာများကို ဗဟိုချုပ်ကိုင်သော စနစ်တစ်ခုတည်းဖြင့် အဆင်ပြေစွာ ညှိနှိုင်းပေါင်းစည်း ပေးနိုင်ပါသည်။ ထိုအခါ တစ်စုံတစ်ယောက်သည် ကုန်စည်တစ်မျိုးကို အွန်လိုင်းပေါ်မှ ဝယ်ယူလိုသောအခါမျိုး၌ ပြင်ပ စတိုးဆိုင်ရှိ သင့်ထုတ်ကုန် ရရှိနိုင်မှုကို ကိုယ်တိုင် စစ်ဆေးနေစရာ မလိုတော့ပါ။

  • ဒေတာများ စောင့်ကြည့်မှတ်တမ်းတင်ခြင်း

POS စနစ်သည် သင့်အတွက် အသေးစိတ် အရောင်းအစီရင်ခံစာ ထုတ်ပေးနိုင်ပြီး ထိုအထဲတွင် ကုန်စည်၏ ဒေတာများ၊ စုစုပေါင်းရောင်းကုန်အရေအတွက်၊ စုစုပေါင်း လက်လီအရောင်းပမာဏ၊ အမြတ်၊ အသုံးစရိတ်ကွာဟချက် စသည်တို့ ပါဝင်ပါသည်။ ဤစနစ်သည် သင့်ကုမ္ပဏီ၏ အရောင်းစွမ်းဆောင်ရည် ဇယားများလည်း ထုတ်ပေးနိုင်သည့်အတွက် တစ်နေ့တာကုန်ဆုံးချိန်တွင် သင့်လုပ်ငန်းကို ဆန်းစစ်အကဲဖြတ်ရန် ပိုမိုလွယ်ကူသွားပါတော့သည်။

  • ဖောက်သည် စီမံခန့်ခွဲရေး

ဖောက်သည် ဒေတာများ ရှိထားသည့်အတွက် သင့်ကုန်စည်များအတွက် သင်ဦးတည်ထားသော စျေးကွက်တင်ရေး လှုပ်ရှားမှုကို အလွယ်တကူ ပုံဖော်နိုင်ပါသည်။ POS စနစ်သည် ဖောက်သည်၏ ဆက်သွယ်ရန် အချက်အလက်များနှင့် ၎င်းတို့၏ ဝယ်ယူမှုရာဇဝင် ဒေတာများကို သိမ်းပေးထားနိုင်သည့်အတွက် ဘယ်သူက ဘာဝယ်ယူသည်၊ ဘယ်သူက အများဆုံး ဝယ်ယူသည်၊ ဘယ်သူက အများဆုံး ငွေကြေးသုံးစွဲသည် စသည့်အချက်အလက်များ ရရှိနိုင်သည်။ သင်ဦးတည်ထားသော စျေးကွက်တွင် ရှိသူများအကြောင်း ပိုမိုသဘောပေါက် နားလည်နိုင်သလို သင့်ကုန်စည်ကို ပိုမိုသွက်လက်ထိရောက်စွာ အရောင်းမြှင့်တင်နိုင် သည့်အတွက် အဆိုပါ အချက်အလက်များက အရေးကြီးပါသည်။

  • ဝန်ထမ်းများ စီမံခန့်ခွဲရေး

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်သည် လုပ်ငန်းတစ်ခုအတွက် အရေးကြီးအကြီးဆုံး ညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။ သစ္စာရှိသော ဝန်ထမ်းကောင်းတစ်ယောက် ရှိထားပါက သင့်ကုမ္ပဏီ၏ အရောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအတွက် ပိုကောင်းစေမှာသေချာပါသည်။ POS စနစ်သည် စနစ်ထဲသို့ ဝန်ထမ်းများ ပေါင်းထည့်ခြင်း၊ ဝန်ထမ်းအချိန်ဇယား စီမံခန့်ခွဲခြင်း၊ ဝန်ထမ်းများထံ အီးမေးလ်ပို့ခြင်း၊ ဝန်ထမ်းများ အလုပ်ဆင်းမှုကို စောင့်ကြည်ခြင်း၊ ဝန်ထမ်းများအကြား ထူးချွန်စွမ်းဆောင်ရည်ရှိသူများကို ဆန်းစစ်လေ့လာခြင်း ပြုလုပ်နိုင်သည့် နည်းစနစ်များ ပါရှိခြင်းကြောင့် သင့်ဝန်ထမ်းများအား စီမံခန့်ခွဲနိုင်အောင် ကူညီပေးနိုင်ပါသည်။

  • စျေးကွက်တင်သော လှုပ်ရှားမှု

စတိုးဆိုင်မှ အရောင်းမြှင့်တင်မှုအသစ်တစ်ခု သို့မဟုတ် ကုန်စည်သစ်များ စသည့် အကြောင်းအရာတစ်ခုခုကို ဖောက်သည်များအား အသိပေးရာတွင် အီးမေးလ်ဖြင့် စျေးကွက်တင်ခြင်းက အသုံးဝင်ပါသည်။ ငွေလွှဲပြောင်းသောနေရာတွင် ရယူထားသော ဖောက်သည် သို့မဟုတ် အဖွဲ့ဝင် ဒေတာဘေ့စ်ကို အသုံးပြုခြင်းဖြင့် မည်သူက ဝယ်ယူနိုင်ခြေရှိသည်ကို ဆန်းစစ်နိုင်ပါသည်။ ထိုအခါ သင့်စျေးကွက်တင်ခြင်း လှုပ်ရှားမှု ပိုမိုအောင်မြင်လာနိုင်ပါသည်။

  • သစ္စာရှိစွာအားပေးမှုအတွက် ဆုပေးသောအစီအစဉ်

ဖောက်သည်များက သစ္စာရှိစွာအားပေးမှုအတွက် ဆုပေးသောအစီအစဉ်သည် ထိရောက်သော စျေးကွက်တင်နည်း တစ်ခုဟု ဆိုနိုင်ပါသည်။ ထိုအစီအစဉ် ရှိထားပါက ဖောက်သည်များက သင့်ကုန်စည်ကို ပိုမိုဝယ်ယူချင်အောင် ဆွဲဆောင်နိုင်သလို ကုမ္ပဏီက သူတို့နှင့် ရေရှည်ဆက်ဆံရေး ရှိအောင်လည်း ကူညီနိုင်ပါသည်။ သင့်လုပ်ငန်းကို ရေရှည်လည်ပတ်လိုပါက ဤအချက်က အရေးကြီးပါသည်။ POS စနစ်သည် ဖောက်သည်က ကုန်စည်ဝယ်ယူချိန် သို့မဟုတ် ဝယ်ယူမှုပြုလုပ်ချိန်တိုင်းတွင် ရမှတ်နှင့် ဒေတာများ ပေါင်းထည့်ခြင်းအားဖြင့် သစ္စာရှိစွာ အားပေးမှုအတွက် ဆုပေးသောအစီအစဉ်ကို ဆောင်ရွက်ရန် သင့်အား ကူညီနိုင်ပါသည်။

POS စနစ် အမျိုးအစားများ

လုပ်ငန်းနယ်ပယ် အမျိုးအစားတိုင်းတွင် ၎င်းတို့ကိုယ်ပိုင် ပရိုဖိုင်နှင့် လက္ခဏာရပ်များ ရှိသည့်အတွက် မတူညီသော POS စနစ်အမျိုးအစားများ လိုအပ်ပါသည်။ လက်လီလုပ်ငန်း သို့မဟုတ် စားသောက်ဆိုင်နှင့် ဟိုတယ်ကဲ့သို့ ကြိုဆိုဧည့်ခံသော လုပ်ငန်းစသည့် လုပ်ငန်းအမျိုးအစားအလိုက် POS စနစ်ကို အထူးသီးသန့် စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။

စီးပွားရေး လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး သီးသန့်လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပုံဖော်ထားသည့် POS စနစ် လုပ်ဆောင်ချက်အမျိုးမျိုးကို အောက်တွင် နမူနာဖော်ပြထားပါသည်။

  • လက်လီ POS စနစ်– ကုန်စည်စာရင်း၊ အဝယ်အော်ဒါ၊ ဖောက်သည်ဒေတာများကို စီမံခန့်ခွဲနိုင်သော စနစ်များ ပိုင်ဆိုင်သည်။
  • ကဖေး သို့မဟုတ် ကော်ဖီဆိုင် POS စနစ်– မီနူးအတွက် ဖောက်သည်၏ သီးသန့်တောင်းဆိုမှုကို စိတ်ကြိုက်ပြင်ဆင် နိုင်သော စနစ်ပါရှိသည်။
  • စားသောက်ဆိုင် POS စနစ်– ထိုင်ခုံနေရာအစီအစဉ်၊ မီနူးတစ်ခုစီအတွက် ပြေစာ၊ ငွေတောင်းခံလွှာ ခွဲထုတ်ခြင်း၊ စားဖိုဆောင်ရှိ အစားအသောက်လက်ကျန်ကို စောင့်ကြည့်ခြင်း စသည်တို့ကို စီမံဆောင်ရွက်နိုင်ပါသည်။
  • အလှပြင်ခန်းမ POS စနစ်– ဖောက်သည် ချိန်းဆိုမှုကို မှတ်သားခြင်း၊ ချိန်းဆိုမှု အသိပေးချက်၊ ယခင်ဆံပင်ပုံစံ သို့မဟုတ် ဝယ်ယူခဲ့သော ဝန်ဆောင်မှုစသည်တို့ကို အသေးစိတ်ဖော်ပြထားသော ဖောက်သည် ဒေတာဘေ့စ်တို့ အတွက် ရွေးစရာများ ပါဝင်ပါသည်။
Name
Email
Subject
Message

198 West 21th Street, Suite 721, New York NY 10010

+888 (0) 202 0000 00159486 +888 (0) 202 0000 00159486

+888 (0) 202 0000 00159486 +888 (0) 202 0000 00159486

youremail@yourdomain.com youremail@yourdomain.com